YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂၁ ရက်တာအစာရှောင်ခြင်းနမူနာ

21 Day Fast

21 ၏ နေ့ 4

သမ္မာကျမ်းစာတွင် အရှည်ဆုံးသောဤဆာလံအခန်းသည် အဓိကအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ချစ်မြတ်နိုးစိတ်ပြင်းပြခြင်းအကြောင်းအရာဖြစ်သည်။ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်အတူ ကျမ်းစာဖတ်ခြင်းကိုတွဲလိုက်ခြင်းဖြင့် သင်သီးသန့်ဖယ်ထားသော ၂၁ ရက်တာသည် ပို၍ပြီးပြည့်စုံလာပါလိမ့်မည်။ သမ္မာကျမ်းစာတစ်ခုလုံးကိုဖတ်သွားစေမည့် ကျမ်းစာဖတ်ခြင်းအစီအစဉ်ကိုစတင်ရန် အစီအစဉ်များဆွဲလိုစိတ်လည်း ရှိလာပါလိမ့်မည်။ ဤသို့သောအချိန်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ချစ်မြတ်နိုးစိတ်ပြင်းပြကြောင်းကို သင်မည်သို့ဖော်ပြမည်နည်း။ ဤအချိန်အတောအတွင်း စိတ်နှလုံးထဲ၌ ပြင်းပြစိတ်မီးတိုး၍ တောက်လောင်လာစေရန် ယနေ့ပင် ဘုရားသခင်ထံ ဆုတောင်းပါ။

ကျမ်းစာများ

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

21 Day Fast

အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကိုအာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့်ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကိုအလေးအနက်ဆင်ခြင်ခြင်းတို့ကိုတွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ ၂၁ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့်မေးခွန်းများနှင့် အာရုံစိုက်ရမည့်ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။

More

We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.