YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂၁ ရက်တာအစာရှောင်ခြင်းနမူနာ

21 Day Fast

21 ၏ နေ့ 3

အသီးအရွက်နှင့်ရေမှအပ မည်သည့်အရာကိုမျှမပါ။ သုံးပတ်တည်းမက၊ ဘေဘီလုံမြို့၌ သင်တန်းတက်ကာလတစ်လျှောက် ထိုသို့စားသောက်ခဲ့ပုံရှိသည်။ ထိုလူငယ်လေးဦးတို့သည် ထိုသို့တုံ့ပြန်ခဲ့သည်က အဖမ်းခံရမည်ကို ကြောက်ရွံ့၍မဟုတ်ဘဲ သူတို့၏အမိမြေမှ ခေါ်ဆောင်သွားခြင်းမခံရမီကပင် သူတို့အထဲမှာ ဖြစ်တည်နေသည့် ဘုရားသခင်၏ပညတ်ချက်တို့ကို အလေးထားကြည်ညိုစိတ်ကြောင့်ဖြစ်သည်။ အစာရှောင်စဉ်ကာလအတွင်း ကိုယ်ပြုထားသည့်ကတိကဝတ်မှချွတ်ချော်သွားစေမည့် အခွင့်အလမ်းများရလာပါလိမ့်မည်။ အထူးသဖြင့် တစ်ယောက်တည်းအစာရှောင်ခဲ့လျှင် သို့တည်းမဟုတ် မည်သူတစ်ဦးတစ်ယောက်ကမျှမသိခဲ့လျှင် ထိုသို့ဖြစ်တတ်သည်။ ကိုယ်ချမှတ်ထားသောစံများနှင့်မပြတ် စွဲမြဲနေနိုင်ဖို့ ခိုင်မာသောဆုံးဖြတ်ခြင်းနှင့် ရဲရင့်ခြင်းကိုရရှိရန် ဘုရားသခင်ထံ ဆုတောင်းပါ။ မည်သို့ပင်ဖြစ်ပါစေ ကိုယ်တော်ကို လေးစားကြည်ညိုပါ။

ကျမ်းစာများ

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

21 Day Fast

အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကိုအာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့်ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကိုအလေးအနက်ဆင်ခြင်ခြင်းတို့ကိုတွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ ၂၁ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့်မေးခွန်းများနှင့် အာရုံစိုက်ရမည့်ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။

More

We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.