.သို့သော်ပေတရုသည် လေပြင်းတိုက်သည်ကို မြင်ရသောအခါတွင် ကြောက်လန့်သွားပြီး နစ်မြုပ်လေသည်။ ထို့ကြောင့် ‘ကယ်တော်မူပါအရှင်’ ဟုအော်လိုက်လေသည်။ ချက်ခြင်းပင် ကိုယ်တော်သည် သူ၏လက်တော်ကို ဆန့်ထုတ်၍ ပေတရုကို ဆွဲကိုင်၍ဆယ်ယူလိုက်ပြီး ‘သင့်မှာ ယုံကြည်ခြင်းအားနည်းနေသေးတယ်၊ ဘာကြောင့် သံသယရှိနေသေးတာလဲ’ဟု မေးလိုက်လေသည်။