ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက်၄၀ နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ
အပြစ်ဒဏ်စီရင်ခြင်းမခံရ
ထာဝစဉ်ဘုရားသခင်ဖြစ်တော်မူသော သခင်ယေရှုသည် လူသားအဖြစ်ကိုခံယူလျက် ဤလောက်တွင် ကိုယ်တိုင်လာရောက်နေထိုင်ခဲ့ခြင်းမှာ အကျိုးအကြောင်းများစွာရှိသည်။ သို့သော် ၎င်းတို့ထဲမှ အဓိကအကြောင်းမှာ ဟေဗြဲဩဝါဒစာကိုရေးခဲ့သူက ထိုစာ၏ဒုတိယခန်းတွင်ဖော်ပြထားသကဲ့သို့ သေခြင်းကိုကြောက်ရွံ့သောသဘော၌ တစ်သက်လုံးကျွန်ခံနေရသောသူတို့ကို လွတ်မြောက်စေရန်ဖြစ်သည်။
ယေရှုသည် ဘုရားသခင်၏ပညတ်တော်အားလုံးကိုနာခံလျက် ၎င်းတို့ကိုအပြည့်အဝစောင့်ရှောက်ခြင်းဖြင့် ကျွန်ုပ်တို့အသက်ရှင်ရမည့်အသက်တာကို အစားထိုးအသက်ရှင်ခဲ့သည်။ ကျွန်ုပ်တို့ခံထိုက်သည့်အပြစ်ဒဏ်ကို မိမိအပေါ်သို့သက်ရောက်စေရန် မိမိ၏ကိုယ်ခန္ဒာတော်ကို နှိပ်စက်ညှဉ်ပန်းခြင်းနှင့်ဝေဒနာခံစားခြင်းသို့ပေးအပ်ခဲ့သည်။ နောက်ဆုံးတွင် မိမိအသက်ကိုပင်ပေးအပ်ခဲ့သည်။ ထိုသို့ ကရာနီပေါ်တွင်ဖြစ်မြောက်ခဲ့သည့် ကြီးစွာသောလဲလှယ်မှုကြောင့် ကျွန်ုပ်တို့၏သေခြင်းသည် သူ၏သေခြင်းဖြစ်ခဲ့ပြီး သူ၏အပြစ်ကင်းခြင်းသည် ကျွန်ုပ်တို့၏အပြစ်ကင်းခြင်းဖြစ်ခဲ့သည်။
၎င်း၏ရလဒ်မှာ "ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။ အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏" (ရော ၈:၁-၂) ဟူ၍ဖြစ်သည်။ သင်သည် မည်သည့်အခါမျှ ဘုရားသခင်ကိုကြောက်စရာမလိုတော့ပါ။ ဘယ်ကြောင့်ဆိုသော် သင်၏အပြစ်အားလုံးသည် သင်၏အကျင့်အပေါ်မမူတည်ဘဲ ဓမ္မဓိဋ္ဌာန်ကျကျ၊ အခမဲ့၊ ရှေးယခင်ကပင် ခွင့်လွှတ်ခြင်းခံရပြီဖြစ်သည်။ ၎င်းမှာ လုပ်အားခမဟုတ်ဘဲ အမွေဖြစ်သည်။ သင့်ဥစ္စာဖြစ်သည်။ ယုံကြည်သူအားလုံး ရရှိနိုင်သည်။
ဘုရားသခင်သည် တကယ်ပင်ထိုသို့ဖြစ်စေခဲ့သည်။ ပြစ်ဒဏ်စီရင်ခြင်းမခံရဟုဆိုရာတွင် တကယ်ပင် ပြစ်ဒဏ်စီရင်ခြင်းမခံရပါ။ ယခု သင်အသက်ရှူချောင်နိုင်ပါပြီ။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကိုဖော်ပြသော ဒုက္ခခံတော်မူရာရက် ၄၀ ပွဲတော်ကာလတစ်လျှောက်သို့ သင့်ကိုပို့ဆောင်ပေးပါသည်။
More
We would like to thank Time of Grace Ministry for providing this plan. For more information, please visit: www.timeofgrace.org