YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက်၄၀ နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ

In Our Place: Lenten Devotions From Time of Grace

14 ၏ နေ့ 11

မည်သူပြုခဲ့သနည်း

ယေရှုခရစ်တော်ကို လက်ဝါးကပ်တိုင်ပေါ်တွင်ရက်စက်စွာတင်သတ်ခဲ့သည့်အမှုအတွက် အပြစ်တင်ရမည့်လူများစွာရှိသည်။ အစ္စရေးလူမျိုးတို့၏ဘာသာရေးခေါင်းဆောင်တို့က ညသန်းခေါင်တွင် သူ့ကိုဖမ်းဆီးခဲ့သည်။ ယုဒက နန်းခြင်းဖြင့် သူ့ကိုသစ္စာဖောက်ခဲ့သည်။ ဂျူးလူမျိုးတို့၏ကောင်စီအုပ်ချုပ်ရေးအဖွဲ့က ဉာဏ်ဆင်လျက် သူ့အပေါ်စီရင်ချက်ချခဲ့သည်။ ရောမအစိုးရ၏တရားဝင်နည်းစနစ်က လူအုပ်ကိုတိတ်ဆိတ်စေရန် သူ့ကိုသေဒဏ်ပေးအပ်ခဲ့သည်။

သို့သော် ဤအမှုအားလုံး၏နောက်ကွယ်တွင် ခမည်းတော်ဘုရားသခင်၏ သူ့အပေါ်အပြစ်ပေးလိုသောလက်ရာတော်ရှိကြောင်းသင်သိလျှင် သင်အံ့ဩပါလိမ့်မည်။ ဤအရာကား အမှန်ဖြစ်သည်။ ခရစ်တော်၏ဝေဒနာခံစားခြင်းနှင့်အသေခံခြင်းတို့၏အကြောင်းတရားထဲမှ အလွန်အရေးပါသောအရာ၏နောက်ကွယ်အမှန်ကိုမြင်စေရန် ပရောဖက်ဟေရှာယက ဖော်ပြပါအတိုင်းရေးထားသည်။ “ထာဝရဘုရားသည် သူ့ကိုနှိပ်စက်ရန်အလိုတော်ရှိ၍ သူ့ကိုနာကျင်စေတော်မူ၏။ (ထိုသို့ပြုခြင်းမှာ) သူ၏အသက်ကို ဒုစရိုက်ဖြေရာယဇ်ဖြစ်စေရန်ဖြစ်သည်။ (ဟေ ၅၃:၁၀) ကိုယ်တော်ကိုသတ်သောအပြစ်ရှိသူထဲတွင် ကျွန်ုပ်တို့လည်းပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အပြစ်က ထိုအမှုကိုကျွန်ုပ်တို့ပူးပေါင်းလုပ်ဆောင်သူဖြစ်စေခဲ့သည်။ ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ်တို့ကိုယ်စား သူ့ကိုအပြစ်ပေးပြီး လောကတစ်ခုလုံး၏အပြစ်ကိုသူ့အားခံစေရန် ရိုက်နှက်ခြင်း၊ တူဖြင့်သံရိုက်ထည့်ခြင်း စသည်တို့ကိုသူခံရာတွင် သူ့ကိုကျောခိုင်းထားခြင်းဖြစ်သည်။

သို့သော် ခရစ်တော်၏ဒဏ်ချက်ကြောင့် ကျွန်ုပ်တို့သည် အနာရောဂါ​ပျောက်ကင်း​ခြင်း​ခွင့်​ကိုရရှိ​ကြ​သည်။ ဤသို့သော အလွန်အံ့ဩဖွယ်ကောင်းသည့် လဲလှယ်မှုအားဖြင့် ကျွန်ုပ်တို့၏အပြစ်သည် သူ့အပေါ်ရောက်သွား၍ သူ၏သန့်ရှင်းခြင်းသည် ကျွန်ုပ်တို့အပေါ်ရောက်ခဲ့သည်။ ခရစ်တော်ကိုသင်ယုံကြည်သောအခါ ခမည်းတော်သည် သင့်ကို တစ်ခါမျှအပြစ်မပြုဖူးသောသူ၊ သားတော်ကဲ့သို့သန့်ရှင်းသောသူအဖြစ်သတ်မှတ်တော်မူသည်။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

In Our Place: Lenten Devotions From Time of Grace

ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကိုဖော်ပြသော ဒုက္ခခံတော်မူရာရက် ၄၀ ပွဲတော်ကာလတစ်လျှောက်သို့ သင့်ကိုပို့ဆောင်ပေးပါသည်။

More

We would like to thank Time of Grace Ministry for providing this plan. For more information, please visit: www.timeofgrace.org