YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက်၄၀ နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ

In Our Place: Lenten Devotions From Time of Grace

14 ၏ နေ့ 14

သင်သည်လည်း အသက်ရှင်လိမ့်မည်

ကျွန်ုပ်တို့အားလုံးသည် မိမိအသက်တာတွင် တည်ငြိမ်မှုရှိသည်ကိုလိုလားကြပါသည်။ အားလုံးသည် မပြောင်းလဲဘဲ သည်အတိုင်းရှိနေပြီး ပိုင်နိုင်စွာထိန်းသိမ်းနိုင်သည် ဟုကျွန်ုပ်တို့ယူဆတတ်ကြသည်။ အလုပ်မှနှုတ်ထွက်ရခြင်း သို့မဟုတ် အလုပ်ပြုတ်ခြင်း၊ ကားတိုက်မှုဖြင့်ဒဏ်ရာရခြင်း၊ အနာရောဂါတစ်စုံတစ်ခုကြောင့်ဆေးရုံတက်ရခြင်းစသည့်အနှောင့်အယှက်ဖြစ်စေတတ်သောပြောင်းလဲမှုကို ကျွန်ုပ်တို့စိုးရိမ်ကြပါသည်။ ဤထက်ပို၍စိုးရိမ်စရာကောင်းသည့်အချက်မှာ ဘိုးဘွားရိပ်သာမှတစ်ဆင့် နာတာရှည်ဆေးရုံတွင်သွားနေရခြင်းဖြစ်သည်။အနာရောဂါပျောက်ကင်းစေနိုင်သောအရှင်သခင်ယေရှုက မာသ၏ဖျားနာလျက်ရှိသောမောင် လာဇရုကိုကယ်တင်ရန် ရောက်လာခြင်းနောက်ကျသောအခါ မာသ၏အိပ်မက်ဆိုးသည် တကယ်ဖြစ်လာခဲ့သည်။ မာသက သခင်ယေရှုအား “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ"ဟုလျှောက်ခဲ့သည်။ ယေရှုကလည်း “သင်​၏​မောင်​သည် ထမြောက်​မည်”​ဟု သူ့အားမိန့်​တော်မူ​သည်။ (ယော ၁၁း၂၁-၂၃)ထိုစကားသည် သေတတ်သောလူတစ်ဦးထံမှလာသောစကားဖြစ်လျှင် အချည်းနှီးဖြစ်သည်။ သို့သော် ထိုစကားသည် အပြစ်တရား၊ သေခြင်းတရားနှင့်ငရဲတို့ကိုပိုင်သသောအရှင်သခင် ယေရှုထံမှလာခြင်းဖြစ်သည်။ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် သေခြင်းကိုပြုပြင်နိုင်သည့်အခွင့်အာဏာကို ကိုယ်တော်အားရရှိစေသည်။ ကိုယ်တော်သည် သေဆုံးခဲ့သောလာဇရုကို သင်္ဂျိင်းဂူထဲမှ အသက်ရှင်လျက်ထွက်လာရန် အမိန့်ပေးခြင်းအားဖြင့် ထိုတန်ခိုးတော်ကိုပြသတော်မူသည်။ ထိုသို့သေဆုံးသူကို ပြန်ရှင်စေခဲ့ခြင်းသည် နောက်ဆုံးသောကာလတွင် ကိုယ်တော်ပြုမည့်အရာ၏သက်သေသာဓကတစ်ခုဖြစ်သည်။ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့၏အကြီးဆုံးသောစိုးရိမ်မှုကို ငြိမ်းအေးစေပါသည်။ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် သင်၏အပြစ်ခွင့်လွှတ်ခြင်းအမှုအတွက် အာမခံဖြစ်သည်။ ခရစ်တော်​ယေရှု​၌​ရှိ​သော​သူ​တို့​သည် ပြစ်ဒဏ်​စီရင်​ခြင်း​မ​ခံရပါ။ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် သင့်ကိုအာမခံပေးသည်။ ကိုယ်တော်သည်အသက်ရှင်လျက်ရှိတော်မူသည်။ သင်သည်လည်း အသက်ရှင်ဦးမည်။

ကျမ်းစာများ

နေ့ 13

ဤအစီအစဉ်အကြောင်း

In Our Place: Lenten Devotions From Time of Grace

ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကိုဖော်ပြသော ဒုက္ခခံတော်မူရာရက် ၄၀ ပွဲတော်ကာလတစ်လျှောက်သို့ သင့်ကိုပို့ဆောင်ပေးပါသည်။

More

We would like to thank Time of Grace Ministry for providing this plan. For more information, please visit: www.timeofgrace.org