YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက်၄၀ နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ

In Our Place: Lenten Devotions From Time of Grace

14 ၏ နေ့ 6

မစိုးရိမ်​ပါနှင့်

ခံ့ညားလေးစားထိုက်၍ ကျေးဇူးတင်တတ်သောခရစ်ယာန်တို့က သံလွင်ခက်တနင်္ဂနွေနေ့မှ ရှင်ပြန်ထမြောက်နေ့အထိရှိ ထူးခြားသောရှစ်ရက်ကာလကို သန့်ရှင်းသောရက်သတ္တပတ်ဟုခေါ်ကြသည်။ ၎င်းမှာ ဖန်ဆင်းတော်မူခြင်းအမှုထက်ပင်သာလွန်သော ဘုရားသခင်၏ကယ်တင်ခြင်းအမှုတော်ဖြစ်မြောက်ရာကာလဖြစ်သည်။ လူသားတို့၏အဆိုးဆုံးရန်သူဖြစ်ကြသည့် အပြစ်၊ စာတန်၊ သေခြင်း၊ တရားစီရင်ခြင်းနှင့် ငရဲတို့ကို ကောင်းစွာအောင်မြင်သော ကယ်တင်ရှင်၏အမှုတော်ကိုခြုံငုံသည့်ကာလပင်ဖြစ်သည်။

သို့သော် ယေရှု၏တပည့်တော်တို့အတွက်မှာမူ ထိုရက်သတ္တပတ်သည် အလွန်တင်းမာသည့်အချိန်ဖြစ်သည်။ သူတို့အားယေရှုပြောကြားခဲ့သောစကားတို့သည် ထိုအချိန်တွင် သူတို့အတွက်အဓိပ္ပာယ်မရှိသောစကားကဲ့သို့ဖြစ်ပြီး သူတို့နားလည်းနိုင်သည့်အရာကိုမူ သူတို့မကြားလိုသောအရာပင်ဖြစ်ကြသည်။ ထိုထူးခြားသောရက်သတ္တပတ်၏ကြာသပတေးနေ့တွင် သူတို့သည် နောက်ဆုံးသောပဿခါပွဲကို ယေရှုနှင့်အတူ စားသောက်ခဲ့ပြီး ပထမဦးဆုံးပွဲတော်အဖြစ် ကိုယ်ခန္ဒာတော်နှင့်သွေးတော်ကို မုန့်နှင့်စပျစ်ဝိုင်တို့နှင့်တကွခံယူရရှိခဲ့သည်။ ယေရှုသည် သူတို့၏ဖုန်ပေနေသည့်ခြေတို့ကို တစ်ဦးနောက်တစ်ဦးဆေးကြောခြင်းအားဖြင့် အစေခံသောခေါင်းဆောင်ပုံကို လေးလေးနက်နက်ပြသခဲ့သည့်။ထိုညနေခင်းအချိန်အများစုတွင် ကိုယ်တော်သည် သူတို့ကို ကြာရှည်စွာသွန်သင်လျက်နေခဲ့သည်။ ၎င်းမှာ တပည့်တော်များကိုလည်းကောင်း၊ ကိုယ်တော်နှင့်နိုင်ငံတော်အတွက် ပွင့်လင်းစွာအစေခံမည့်သူများကိုလည်းကောင်း စောင့်ဆိုင်းနေသည့် တိုက်ခိုက်မှုနှင့်အခက်အခဲတို့၏တည်ငြိမ်သောရှေ့ပြေးလက္ခဏာဖြစ်သည်။ သို့သော် ယုံကြည်ခြင်းဖြင့် ယေရှုနှင့်အတူပေါင်းစပ်သူများအားလုံးအတွက် နောက်ဆုံးသောအောင်ပွဲကို ငြိမ်သက်စွာနှင့်အေးဆေးစွာကြေညာသောအချိန်လည်းဖြစ်သည်။ ကိုယ်တော်က “သင်​တို့​သည် ငါ့​အားဖြင့် ငြိမ်သက်​ခြင်း​ရှိ​ကြ​စေရန် ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ဟောပြော​ပြီ။ သင်​တို့​သည် ဤ​လောက​၌ ဆင်းရဲ​ဒုက္ခ​နှင့်​ကြုံတွေ့​ရ​ကြ​လိမ့်မည်။ သို့သော် မစိုးရိမ်​ကြ​နှင့်။ ငါ​သည် ဤ​လောက​ကို​အောင်နိုင်​ပြီ”​ဟု မိန့်​တော်မူ​သည်။ (ယော ၁၆:၃၃)

ဖော်ပြပါအချက်မှာ ယနေ့ ညည်းညူလျက် ကြောက်လျက်နေသည့် ယုံကြည်သူအားလုံးအတွက် မျှော်လင့်ချက်ဖြစ်သည်။ ကျွန်ုပ်တို့၏အသက်သည် ခရစ်တော်၌ ဝှက်ထားခြင်းခံရသည် ဟုကျမ်းစာကဆိုထားသည်။ ပြင်ပအားဖြင့် ကျွန်ုပ်တို့သည် ယိုယွင်းပျက်စီးနေပုံရှိသည်။ သို့သော် ၎င်းမှာ စိတ်၏လှည့်စားမှုသာဖြစ်သည်။ အမှန်မှာ ကျွန်ုပ်တို့၏အသက်၊ ကျွန်ုပ်တို့၏မျှော်လင့်ခြင်းနှင့် ကျွန်ုပ်တို့၏ဆက်ဆံခြင်းတို့သည် အံ့ဩဖွယ်ကောင်းသောခရစ်တော်လက်ထဲ၌ရှိသည်။ သင်၏အသက်တာသည် ဒုက္ခနှင့်ပြည့်နေလျှင်လည်း မစိုးရိမ်​ပါနှင့်။ ခရစ်တော်သည် အောင်နိုင်ပြီ။ ကိုယ်တော်သည် အောင်ပွဲခံခဲ့ပြီဖြစ်၍ သင်သည်လည်းအောင်ပွဲခံပြီ။ သက်ပြင်းချလိုက်ပါတော့။

ကျမ်းစာများ

နေ့ 5နေ့ 7

ဤအစီအစဉ်အကြောင်း

In Our Place: Lenten Devotions From Time of Grace

ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကိုဖော်ပြသော ဒုက္ခခံတော်မူရာရက် ၄၀ ပွဲတော်ကာလတစ်လျှောက်သို့ သင့်ကိုပို့ဆောင်ပေးပါသည်။

More

We would like to thank Time of Grace Ministry for providing this plan. For more information, please visit: www.timeofgrace.org