ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက်၄၀ နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ

"မာန်ဒီ" သည် မည်သို့သောအဓိပ္ပာယ်ရှိသနည်း
ယေရှုသည် အဖမ်းခံရလျက် ဂျူးနှင့်ရောမတရားရုံး၌ပစ်တင်စီရင်ခြင်းမခံရမီ ညနေခင်းတွင် ဂျေရုဆလင်မြို့ရှိ အထက်ခန်း၌ နှစ်စဉ်ပဿခါစားပွဲကို တိတ်ဆိတ်စွာအစပျိုးခဲ့သည်။ ယေရှုသည် ထိုလွတ်လပ်သောအဖိုးတန်နောက်ဆုံးအချိန်နာရီတို့ကို နားနားနေနေသွန်သင်လျက်ကုန်ဆုံးစေခဲ့သည်။ ကိုယ်တော်ပြောခဲ့သောအရာနှင့် ပြုခဲ့သောအရာများစွာတို့ကြောင့် တပည့်တော်တို့သည် အထိတ်တလန့်ဖြစ်ကြသည်။ ကိုယ်တော်သည် ဒူးထောက်၍ သူတို့၏ခြေကိုဆေးခဲ့သည်။ မိမိသေရမည့်အကြောင်းနှင့် ရှင်ပြန်ထမြောက်ရမည့်အကြောင်းတို့ကိုလည်း ကြိုတင်ပြောခဲ့သည်။ ထို့နောက် ကိုယ်တော်က "သင်တို့အချင်းချင်းချစ်ကြလော့။ သင်တို့ကို ငါချစ်သည်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့" ဟုမိန့်တော်မူခဲ့သည်။ (ယော ၁၃:၃၄)
ယခင်သူတို့ကို သွန်သင်တော်မူရာ၌ စစ်မှန်သောယုံကြည်သူတစ်ဦး၏အမှတ်တံဆိပ်မှာ ခရစ်တော်၏နှုတ်ကပတ်တော်၌စွဲမြဲလိုက်နာမှုရှိခြင်းဖြစ်သည်ဟု သူတို့အားကိုယ်တော်ပြောကြားခဲ့သည်။ ယခုမှာမူ "အချင်းချင်းချစ်ကြလော့"ဟူသောပညတ်ချက်အသစ်ဖြစ်သည်သာမက အချိန်မရွေးသစ်နေသောပညတ်သစ်ကိုထပ်ဖြည့်ခဲ့သည်။ အသစ်ဖြစ်သောအရာမှာ ကျွန်ုပ်တို့၏အပြစ်ပြုတတ်သောဇာတိသဘောက အတ္တဆန်သောအတွေးအကြံများ၊ စကားများ၊ အပြုအမူများကို ဆက်၍တွေးစေ၊ ပြောစေ၊ ပြုစေသည်။ ခရစ်တော်၏ခွင့်လွှတ်ခြင်းကျေးဇူတော်သည် ကျွန်ုပ်တို့အဖို့ နေ့စဉ်အသစ်ဖြစ်၍ ဝိညာဉ်ရေးရာ၌ လန်းဆန်းစေမည့်ခွင့်လွှတ်ခြင်းမိုးကိုရွာစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ကို ခရစ်တော်ဆက်ဆံပြုမူခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် သူတပါးအား စိတ်ရှည်သည်းခံလျက် မြဲမြံသောအကြွင်းမဲ့ချစ်မေတ္တာဖြင့် ဆက်ဆံပြုမူနိုင်ရန် အသစ်တဖန်ရွေးချယ်နိုင်ပါသည်။
လက်တင်စကားလုံး "mandatum" (ပညတ်ချက်)ကိုစွဲ၍ ခရစ်တော်မသေဆုံးမီနေ့ဖြစ်သည့် နေ့ထူးနေ့မြတ်ကြာသပတေးကို အမည်ပေးပုံရသည်။ ထိတ်လန့်အံဩဖွယ်ထိုညနေခင်းနှင့် ဘုရားသခင်၏သိုးသူငယ်သည် သူ၏မိတ်ဆွေများနှင့် ပဿခါသိုးကို စားခဲ့ပုံ၊ သူတို့၏ခြေကို ဆေးခဲ့ပုံ၊ သူတို့စိတ်သက်သာရေးအတွက် ဘုရားသခင်၏ထူးခြားနက်နဲသောနှုတ်ကပတ်တော်ကို ဖွင့်ပြခဲ့ပုံတို့ကို ကျွန်ုပ်တို့ တွေးတောကြည့်ပါက ကျွန်ုပ်တို့စိတ် နိုးကြွစေပါသည်။ ချစ်ကြရန် စိတ်နိုးကြွစေပါသည်။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကိုဖော်ပြသော ဒုက္ခခံတော်မူရာရက် ၄၀ ပွဲတော်ကာလတစ်လျှောက်သို့ သင့်ကိုပို့ဆောင်ပေးပါသည်။
More
We would like to thank Time of Grace Ministry for providing this plan. For more information, please visit: www.timeofgrace.org
စပ်ဆိုင်သော အစီအစဉ်များ

ဖတ်သောအရာကို နားလည်ပါသလား

နှုတ်ကပတ်တော်၌ပါရှိသော ပါဠိ ဝေါဟာရများ

အသိနဲ့သတိရဲ့အလွန်

ကျေးဇူးတော်သီချင်း

ချစ်ခြင်းမေတ္တာ

ထာဝရရှင်သန်ခြင်းလမ်း

ဗမာစကားပုံများ၏ နှိုးဆော်သံ

ယုံကြည်သူများနှင့် ငွေကြေးသုံးစွဲမှု အနုပညာ

ဆာလံကျမ်း ၁ - ခရစ်ယာန်အသက်တာအတွက် အခြေခံအုတ်မြစ်