YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက်၄၀ နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ

In Our Place: Lenten Devotions From Time of Grace

14 ၏ နေ့ 4

အချိန်တန်ပြီ

ကျွန်ုပ်အိမ်သို့ သင်လာခဲ့လျှင် ပထမဆုံးသင်မြင်ရမည့်အရာများမှာ ကျွန်ုပ်၌ရှိသောနာရီများပင်ဖြစ်သည်။ ဧည့်ခန်းတစ်ခုအတွင်း၌ပင် ခြောက်လုံးရှိသည်။ အားလုံးစက်နာရီများဖြစ်သည်။ ကျွန်ုပ်စိတ်နှလုံးချမ်းမြေ့ရသည်က တစ်ချက်ချက်မြည်သံ၊ နာရီထိုးသံတစ်မျိုးမျိုးကြောင့်ပင်ဖြစ်မည်။ စိတ်ထဲတွင်နောက်ကျမည်ကိုကြောက်ရွံ့နေခြင်းလည်းရှိကိုရှိနေပေမည်။ အရေးကြီးသည့်အရာတစ်ခုခုကိုလွတ်သွားမှာကြောက်သည့်စိတ်ကို ဤနာရီအားလုံးက ဖြေဖျောက်ပေးခြင်းဖြစ်ကောင်းဖြစ်ပေမည်။ယေရှုသည်အချိန်နာရီကို အစဉ်အမြဲသိခဲ့သည်။ ကုသရမည့်အချိန်၊ သွန်သင်ရမည့်အချိန်၊ ပြစ်တင်ဆုံးမရမည့်အချိန်၊ အပန်းဖြေရမည့်အချိန်၊ ညစာစားပွဲဆင်နွဲရမည့်အချိန်တို့ကို သိခဲ့သည်။ ခမည်းတော်သည် ကိုယ်တော်သေမည့််အချိန်ကို အသိပေးတော်မူသည်။ ယေရှုသည် သူ၏တပည့်တော်များအား လှည့်လည်သွန်သင်ခြင်းအမှုတော်ပြီးဆုံးလုနီးပြီကို ပြောပြလေသည်။ "ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့သွား၍ သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့၏လက်၌ ဒုက္ခဝေဒနာများစွာခံစားရပြီး အသေသတ်ခြင်းခံရကာ သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်ကြောင်း ကိုတပည့်တော်တို့အားစတင်ဖော်ပြတော်မူ၏။" (မ ၁၆:၂၁)။ သံလွင်ခက်တနင်္ဂနွေတွင် ဂျေရုဆလင်မြို့ထဲသို့ ရှင်ဘုရင်ဆန်ဆန် ဝင်လာခြင်းက မိမိ၏နောက်ဆုံးဖြစ်သည်ကို ကိုယ်တော်သိထားခဲ့သည်။သံလွင်ခက်တို့အလယ်တွင် ကြီးစွာသောအံဖွယ်ရာအမှု ဖြစ်ပျက်ခဲ့သည်။ လူအုပ်ကြီးသည် နှိမ့်ချသောမြည်းကလေးအပေါ်ရှိ ဆိတ်ငြိမ်နေသောသူကို သူတို့၏မေရှိယအဖြစ် အသိအမှတ်ပြုကြသည်။ ဓမ္မဟောင်းကျမ်းပြည့်စုံခြင်းအကြောင်းလည်း ဖြစ်သည်။ သူတို့၏ကောင်းချီးဩဘာသံက သူတို့အချိန်နာရီကိုသိကြောင်းပြသနေသည်။ သူတို့၏ရှင်ဘုရင်သည် သူတို့၏အသက်တာထဲသို့ တည့်တည့်မတ်မတ်ဝင်လာ၍ သူတို့ဆက်ကပ်အပ်နှံလာရန်တောင်းဆိုနေချိန်ဖြစ်သည်ကို သိကြသည်။

သင်သည်လည်း အချိန်နာရီကို သိပါသလား။ သင်ကော အချိန်ကို သိပါသလား။ သင့်အတွက် ချီတုံချတုံဖြစ်နေခြင်းကို ရပ်တန့်၍ အခိုင်အမာပြောရမည့်အချိန်၊ ယေရှုခရစ်တော်သည် သင်၏အရှင်သခင်၊ ဘုရင်ပါဟု နောက်ထပ်တဖန်အခိုင်အမာပြောရမည့်အချိန်ပင်ဖြစ်သည်။ ကိုယ်တော်၏နှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ ရေ၌နှစ်ခြင်းပေးခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ညစာစားပွဲ၌ပေးသောကိုယ်တော်၏ကိုယ်ခန္ဓာနှင့်အသွေးအားဖြင့်လည်းကောင်း၊ ယေရှုသည် ရှေးယခင်အချိန်က ပြုခဲ့သည့်အတိုင်း သင့်ထံ ယနေ့ ကိုယ်တိုင်ကိုယ်ကျလာရောက်ပြီ။ သံလွင်ခက်များက ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်ရန် ယခုပင် သင့်ကိုခေါ်လျက်နေသည်။

ကျမ်းစာများ

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

In Our Place: Lenten Devotions From Time of Grace

ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကိုဖော်ပြသော ဒုက္ခခံတော်မူရာရက် ၄၀ ပွဲတော်ကာလတစ်လျှောက်သို့ သင့်ကိုပို့ဆောင်ပေးပါသည်။

More

We would like to thank Time of Grace Ministry for providing this plan. For more information, please visit: www.timeofgrace.org