ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက်၄၀ နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ
ရှင်ဘုရင်သည်မင်္ဂလာရှိစေသတည်း
ဗြိတိန်၏မင်းခမ်းမင်းနားဖြင့်လှည့်လည်သောပွဲထက် ပို၍ခမ်းနားထည်ဝါသောပွဲမည်သည့်နိုင်ငံတွင်မျှမရှိပါ။ ဘုရင်မ အဲလစ်ဇဘက် II နန်းသက်ရှည်ကြာစွာစိုးစံခဲ့သည့်အတွက် သက်ကြီးသူများကသာ ၁၉၅၃ခုနှစ်၊ နောက်ဆုံးနန်းတက်ပွဲကို မှတ်မိနိုင်ကြသည်။ သို့သော် မကြာမီမှာပင် လောကသားတို့ နောက်ထပ်နန်းတက်ပွဲကို မြင်ရပေတော့မည်။ ဘုရင်အသစ်တစ်ပါးသည် တော်ဝင်စီတန်းလှည့်လည်ပွဲ၌ Lord’s High Stewardဘွဲ့ခံအရာရှိဆောင်လာသော သူတော်စင်Edward၏ရွှေသားအတိသရဖူ၊ (အေဒီ ၁၁၈၉ မှ)ရွှေဖနောင့်သံဆူး၊ တော်ဝင်လက်အိတ်၊ ရွှေအလုံး၊ ရာဇယဋ္ဌိ အဆောင်အယောင်အပြည့်အဝဖြင့်လိုက်ပါလျက် ရောက်ရှိလာလိမ့်မည်။
ဤပွဲကား သံလွင်တောင်မှ ဂျေရုဆလင်မြို့သို့ ရှင်ဘုရင်ယေရှုမြည်းစီးဝင်လာပုံနှင့်ကွာခြားလှပါသည်။ ကိုယ်တော်စီးစရာမှာ လူအုပ်အထက်ခေါင်းတလုံးသာမော်နိုင်သောတိရိစ္ဆာန်ငယ် မြည်းကလေးပဲဖြစ်သည်။ သို့သော် လူအများကကိုယ်တော့်အားဘုရင်အဖြစ်သိမှတ်ပြီး "ထာဝရဘုရား၏နာမတော်၌ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း"ဟု သံပြိုင်ကြွေးကြော်ကြသည်။(လုကာ၁၉:၃၈) ကိုယ်တော့်ကို စောင့်စားလျက်ရှိသောရာဇဝတ်ရုံတော်မှာ ရောမစစ်သားခြုံထည်ဟောင်းသာဖြစ်သည်။ ပေးအပ်ထားသောရာဇယဋ္ဌိမှာကျူရိုးလှီလှီသာဖြစ်ပြီး ခေါင်းတော်ပေါ်၌ဆောင်းသောသရဖူမှာရွှေမဟုတ်ဘဲ ဆူးသရဖူသာဖြစ်သည်။
ဆူးသရဖူမှမျက်နှာသို့စီးကျလာသောသွေးမှာ လူသားသွေးဖြစ်သကဲ့သို့ ဘုရားသခင်၏သွေးလည်းဖြစ်သည်။ ထိုသို့သောအသွေးတော်ဖြစ်သည့်အလျောက် ရွေးနုတ်ဝယ်ယူနိုင်သောတန်ခိုးအာဏာရှိသည်။ လူသားတစ်ယောက်အနေဖြင့် ခရစ်တော်သည် ဘုရားသခင်၏တရားရုံးတော်၌ ကျွန်ုပ်တို့ကို ကိုယ်စားပြုပေးနိုင်သည်။ ဘုရားသခင်အနေဖြင့်လည်း တစ်လောကလုံးရှိ ကယ်တင်ရှင်လိုအပ်နေသောအပြစ်သားများကို ကိုယ်စားပြုပေးနိုင်သည်။ ကိုယ်တော်၏ဒဏ်ချက်များအားဖြင့် ကျွန်ုပ်တို့သည် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြသည်။
သံလွင်တောင်သည် အရေးပါသော နောက်ထပ်ရာဇနန်းတက်လှည့်လည်ပွဲအဖြစ် အသုံးတော်ခံခဲ့သည်။ ရှင်ပြန်ထမြောက်တော်မူသောခရစ်တော်သည် ထိုနေရာမှပင် ကောင်းကင်သို့ တက်သွားခဲ့လေသည်။ ယခုမှာ ကိုယ်တော်၏နှိမ့်ချခြင်းအစား ဘုန်းအသရေတော်သည်နေရာယူလေပြီ။ အပါးတော်တွင်ခစားသောကောင်းကင်တမန်သိန်းသန်းချီရှိ၍ စကြဝဠာတစ်ခုလုံးသည်လည်း မျက်မှောက်တော်၌ရှိပြီး ဝိညာဉ်တော်နှင့်ပြည့်လျက်ရှိသည်။ ကိုယ်တော်သည် ညီအစ်ကိုမောင်နှမတော်တို့၏ ကောင်းကျိုးချမ်းသာအတွက် အရာအားလုံးကို အုပ်စိုးတော်မူသည်။ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်လည်း မင်းမျိုးမင်းနွယ်များဖြစ်ကြသည်။ ကောင်းကင်ဘုံစံ မင်းမျိုးမင်းနွယ်များဖြစ်ကြသည်။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကိုဖော်ပြသော ဒုက္ခခံတော်မူရာရက် ၄၀ ပွဲတော်ကာလတစ်လျှောက်သို့ သင့်ကိုပို့ဆောင်ပေးပါသည်။
More
We would like to thank Time of Grace Ministry for providing this plan. For more information, please visit: www.timeofgrace.org