YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက်၄၀ နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ

In Our Place: Lenten Devotions From Time of Grace

14 ၏ နေ့ 2

ကြွေးကြော်နေသောကျောက်ခဲများ

အလုံးစုံသိခြင်း၊ အနန္တတန်ခိုးရှိခြင်း၊ နေရာတိုင်းတွင်ရှိခြင်း၊ မနေ့၊ ယနေ့၊ နောင်ကာလမပြောင်းလဲဘဲထာဝရဖြစ်ခြင်း စသည့် ဘုရားသခင်၏ဂုဏ်တော်တို့ကို ကလေးများစိတ်မှာတွေးတောစဉ်းစား၍မေးမြန်းနေကြသည်ကို နားထောင်ရသည်မှာ ပျော်ရွှင်ကြည်နူးစရာကောင်းပါသည်။ "ဖေဖေ၊ ဘုရားသခင်က အနန္တတန်ခိုးနဲ့ပြည့်စုံတယ်ဆိုတာ သူကအားလုံးကိုတတ်စွမ်းနိုင်တယ်လို့ပြောတာမဟုတ်လား၊ ဟုတ်တယ်မလား" "သိပ်ဟုတ်"။ "အဲဒါဆို၊ သူမမနိုင်လောက်အောင်ကြီးမားတဲ့ကျောက်တုံးကို သူဖန်တီးနိုင်သလား"

ဘုရားသခင်သည်အရာရာကိုတတ်စွမ်းနိုင်၏။ သို့သော် အချို့အရာများကိုတော့ သူမလုပ်နိုင်၊ သူလုပ်မည်လည်းမဟုတ်ပါ။ သူ့ကို အတင်းအဓမ္မဝတ်ပြုကိုးကွယ်စေခြင်းကို သူလုပ်မည်မဟုတ်ပါ။ ဝတ်ပြုကိုးကွယ်ဝတ်ခြင်းဆိုသည်မှာ ချစ်ခြင်းမေတ္တာနှင့်တူပြီး အတင်းအဓမ္မလုပ်၍မရပေ။ လွတ်လပ်ခွင့်ပေးရမည်သာ၊ သို့တည်းမဟုတ်က အဓိပ္ပာယ်မဲ့ပေလိမ့်မည်။ ရှင်ဘုရင်ယေရှုမြည်းကလေးစီးပြီး ဂျေရုဆလင်မြို့ထဲကိုဝင်လာသောနေ့မှာ လမ်းတလျှောက်သူ့ကို မင်္ဂလာရှိစေသတည်း၊ ဘုန်းကြီးစေသတည်းဟူသောချီးမွမ်းသံများကိုအလွန်ပင်နှစ်ခြိုက်မိပါလိမ့်မည်။ အမှန်ပင် အစ္စရေးပြည်၌ ယုံကြည်ခြင်းကို တွေ့ရှိရပေပြီ။

သို့သော် အချို့သူများမှာ မချီးမွမ်းကြပေ။ လူထုပရိသတ်ထဲမှရှိသည့်ဖာရိရှဲအချို့တို့က "ဆရာ၊ ဆရာ့တပည့်များကိုဆုံးမပါ"ဟု ကိုယ်တော်အားလျှောက်ကြ၏။ ကိုယ်တော်ကလည်း "သင်တို့အားငါဆိုမည်။ ဤသူတို့တိတ်ဆိတ်စွာနေကြလျှင် ကျောက်ခဲတို့သည် ကြွေးကြော်ကြလိမ့်မည်"ဟု ပြန်၍မိန့်တော်မူ၏။ (လုကာ ၁၉:၃၉-၄၀) ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်ကြပေလိမ့်မည်။ အကယ်၍ ကောင်းကင်တမန်တို့လေပြတ်၍ချီးမွမ်းခြင်းရပ်သွားလျှင် ကျောက်ခဲများကြွေးကြော်စေရန် ဘုရားသခင်တတ်နိုင်တော်မူ၏။သို့သော် ကိုယ်တော်သည် သင့်အပေါ်ထိုသို့ပြုမည်မဟုတ်ပါ။ ဤသံလွင်ခက်တနင်္ဂနွေနေ့ကို သင်တို့၏နှိမ့်ချလျက်ရှိသော အစေခံရှင်ဘုရင်ထံ ဆက်ကပ်အပ်နှံကြပါ။ ထိုအရှင်သည် သင်တို့အသက်ရရှိရန် သေခြင်းသို့လိုလားထက်သန်စွာ စီးဝင်လာခဲ့သည်။ သံလွင်ခက်တို့ကို ဝှေ့ယမ်းလျက်၊ ဒူးထောက်လျက်၊ စိတ်နှလုံးကိုအပ်နှံလျက်၊ ကိုယ်တော်ကို နာခံလျက်၊ ကြည်ညိုလေးစားလျက်၊ ဝတ်ပြုထိုက်သည့်အတွက် ဝတ်ပြုလျက် ဆက်ကပ်အပ်နှံကြပါ။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

In Our Place: Lenten Devotions From Time of Grace

ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကိုဖော်ပြသော ဒုက္ခခံတော်မူရာရက် ၄၀ ပွဲတော်ကာလတစ်လျှောက်သို့ သင့်ကိုပို့ဆောင်ပေးပါသည်။

More

We would like to thank Time of Grace Ministry for providing this plan. For more information, please visit: www.timeofgrace.org