ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက်၄၀ နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ
![In Our Place: Lenten Devotions From Time of Grace](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans-staging%2F1381%2F1280x720.jpg&w=3840&q=75)
ပြာသုတ်ဗုဒ္ဓဟူးနေ့
နဖူးတွင်မီးခိုရောင်ပြာများပေရေ၍ ကြားရက်ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်မှ ပြန်လာကြသည့် အလုပ်သမားများကို သင်မြင်မိကောင်းမြင်မိပေလိမ့်မည်။ ခရစ်တော်ဒုက္ခခံတော်မူရာကာလဟုခေါ်သောဥပုသ်ကာလအစကို "ပြာသုတ်ရာဗုဒ္ဓဟူးနေ့"ဟုသတ်မှတ်ရုံမျှမက အချို့ခရစ်ယာန်ဘုရားကျောင်းများတွင် ဝတ်ပြုသူများအား မိမိတို့၏အပြစ်၊ မိမိတို့သေမျိုးဖြစ်ကြောင်းအောက်မေ့စေရန်နှင့် ထိုအရာတို့ကို ဖယ်ရှားပစ်ရန် အလွန်ကြီးမားသည့်အဖိုးအခပေးရခဲ့ကြောင်း အောက်မေ့စေရန် ပြာရည်ပျစ်များကို လိမ်းကျံပေးကြသည်။နဖူးပေါ်တွင်ပြာသုတ်ထားသည်ဖြစ်စေ၊ မသုတ်ထားသည်ဖြစ်စေ၊ သင်၌ ကယ်တင်ရှင် အလွန်လိုအပ်သည်ကို သိမှတ်ဝန်ခံပြီး ဘုရားသခင်ရှေ့တော်သို့ ဒူးထောက်နှိမ့်ချလျက်ဝင်ရောက်ရန်သင့်လျော်သောအချိန်အခါဖြစ်သည်။ အာဗြဟံက "အကျွန်ုပ်သည် မြေမှုန့်နှင့်ပြာသက်သက်ဖြစ်ပါ၏" ဟု တစ်ခါကဆိုခဲ့ပြီး (ကမ္ဘာဦးကျမ်း ၁၈:၂၇)ကျွန်ုပ်တို့သည်လည်း ထိုနည်းတူဖြစ်ကြပါသည်။
ကျွန်ုပ်တို့ကို ဘုရားသခင်ဖန်ဆင်းခဲ့ပြီး ဘုရားရှင်၏ကမ္ဘာလောကတွင် ဘုရားသခင်၏တရားတော်အောက်မှာကျွန်ုပ်တို့နေထိုင်နေသည့်အလျောက် ဘုရားသခင်၏တရားစီရင်ခြင်းသို့သင့်ရောက်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဆိုးရွားသောအနေအထားတွင်ရှိသည်။ ကျွန်ုပ်တို့သည် မွေးဖွားမလာမီကပင် အပြစ်ပါသော ဗီဇကိုဆင့်ကမ်းအမွေခံလာပြီး နေ့စဉ်အသက်ရှင်ရာတွင် ထိုအပြစ်ပေါ်၌ ပို၍များသောမကောင်းမှုကိုထပ်ဆင့်ဖြည့်နေသည်။ ကျွန်ုပ်တို့သယ်ဆောင်လာကြသောအပြစ်ကြောင့် "သင်တို့သည် မြေမှုန်သို့ပြန်စေ"ဟူသောဘုရားသခင်၏စီရင်ဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့အပေါ်ရောက်စေခဲ့သည်။ ထို့ထက်ဆိုးသည်က "ငရဲသို့သင်တို့သွားစေ"ဟူ၍ပင်ဖြစ်သည်။သို့သော် ဒုက္ခခံတော်မူရာရက် ၄၀ ပွဲတော်ကာလက ယေရှုခရစ်တော်၏နာကျင်ခံစားရခြင်း၊ အပြစ်ဒဏ်ခံရခြင်း၊ ကျွန်ုပ်တို့ကိုယ်စားအသေခံခြင်း စသည့် မယုံနိုင်လောက်အောင်အံ့ဖွယ်ဖြစ်အင်တို့ကို ဆောင်ကြဉ်းပေးပါသည်။ ကိုယ်တော်သည် ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ဖြစ်သည်။ သင်တို့၏အပြစ်ဒုစရိုက်၊ သင်တို့ခံရမည့်အပြစ်ဒဏ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပင်ဖြစ်သည်။ ပြာကိုပါယူဆောင်သွားခဲ့ပါသည်။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
![In Our Place: Lenten Devotions From Time of Grace](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans-staging%2F1381%2F1280x720.jpg&w=3840&q=75)
ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကိုဖော်ပြသော ဒုက္ခခံတော်မူရာရက် ၄၀ ပွဲတော်ကာလတစ်လျှောက်သို့ သင့်ကိုပို့ဆောင်ပေးပါသည်။
More
We would like to thank Time of Grace Ministry for providing this plan. For more information, please visit: www.timeofgrace.org