ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက်၄၀ နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ
![In Our Place: Lenten Devotions From Time of Grace](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans-staging%2F1381%2F1280x720.jpg&w=3840&q=75)
အမှုပြီးပြီ
လူ့သမိုင်းတွင် အရေးကြီးဆုံးသောနေ့ ၂ ရက်ထဲမှ ၁ ရက်သည် ရောမစစ်သားများအတွက် သာမာန်သောနေ့ရက်ကဲ့သို့ဖြစ်ခဲ့သည်။ ပဿခါဥပုဒ်နေ့မတိုင်မီတစ်ရက်တွင် တရားခံ ၃ ယောက်ကို ဂျေရုဆလင်မြို့မှာ အများရှေ့တွင်သေဒဏ်ပေးခြင်းဟူသည့် မနှစ်မြို့ဖွယ်တာဝန်ကို သူတို့ထမ်းဆောင်နေရသည်။ သူတို့သည် ထိုတာဝန်ကို တရားခံတို့၏ခြေလက်တို့တွင်သံရိုက်ထည့်ခြင်း စသည်တို့ဖြင့် အနိဋ္ဌာရုံမြင်ကွင်းတွင် ကျွမ်းကျင်စွာဆောက်ရွက်ခဲ့သည်။
တရားခံနှစ်ဦးတို့သည် နာကျင်မှုနှင့် မုန်းတီးမှုတို့ကြောင့်အော်ဟစ်ကြသည်။ အလယ်မှာရှိသောတစ်ဦးမှာမူ မိမိ၏ဝေဒနာကိုတိတ်ဆိတ်စွာခံပြီး တစ်ခါသာနှုတ်ကိုဖွင့်လျက် မိမိကိုညှဉ်းဆဲသောသူများအား ခွင့်လွှတ်ပေးရန် မိမိခမည်းတော်ထံတောင်းလျှောက်ခဲ့သည်။ ယေရှုသေခါနီးတွင် သူတို့ကိုလက်ဝါးကပ်တိုင်ပေါ်တင်သတ်ရန်တာဝန်ရထားသောတပ်မှုးသည် မိမိရှေ့တွင် တွဲလောင်းချိတ်ထားခြင်းခံရသူမှာ မည်သူဖြစ်ကြောင်းကို တဖြည်းဖြည်းသဘောပေါက်လာသည်။ ကိုယ်တော်ဘက်သို့မျက်နှာမူလျက် ရပ်နေသောတပ်မှူးသည် ကိုယ်တော်အသက်ချုပ်ငြိမ်းတော်မူပုံကို တွေ့မြင်သောအခါ “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုလေသည်။ (မာ ၁၅:၃၉)
ထိုနေ့တွင် ထိုတပ်မှူးသည် သေဒဏ်ခံရသူတို့ထံမှ မိမိ၏ဝေစုအနေဖြင့်ရရှိသော အဝတ်အစား၊ အပြစ်ကင်းသောသူသာမက ဘုရားသခင်ကိုယ်တော်တိုင်၏သားတော်ဖြစ်သူကိုသတ်ခြင်းဟူသည့် ကြီးလေးသောပြစ်မှု၊ မိမိကဲ့သို့သော လူသတ်သမားကိုပင် အပြစ်ခွင့်လွှတ်ခြင်းခံရနိုင်သည်ဟူသော ဝမ်းမြောက်ဖွယ်သတင်း ဆိုသည့်အရာသုံးပါးပါလျက် မိမိ၏စစ်တန်းလျားသို့ပြန်သွားခဲ့သည်။
ဤအံ့ဩဖွယ်မြင်ကွင်းမှ သင်ရောကျွန်ုပ်ပါ ယူဆောင်သွားနိုင်သည့်အရာများစွာရှိသည်။ သို့သော် ၎င်းတို့ထဲမှ နှစ်မျိုးသည် အခြားအရာအားလုံးထက်အရေးကြီးပါသည်။ ပထမမှာ ခရစ်တော်၏လက်ဝါးကပ်တိုင်ပေါ်အသေခံတော်မူခြင်းသည် ကျွန်ုပ်တို့တွင်မည်မျှအပြစ်များသည်ကိုပြသခြင်းဖြစ်သည်။ ဒုတိယမှာ ခရစ်တော်၏လက်ဝါးကပ်တိုင်ပေါ်အသေခံတော်မူခြင်းသည် အားလုံးအတွက်ကိုယ်တော်ဆောင်ရွက်ပေးသည့် အပြစ်ခွင့်လွှတ်ခြင်းအောင်မြင်ခဲ့ကြောင်းပြသခြင်းဖြစ်သည်။ အမှုပြီးပြီ။ စာတန်ကို အပြတ်ရှင်းပြီ။ ခရစ်တော်သည် သင့်ကိုလွတ်မြောက်စေပါပြီ။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
![In Our Place: Lenten Devotions From Time of Grace](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans-staging%2F1381%2F1280x720.jpg&w=3840&q=75)
ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကိုဖော်ပြသော ဒုက္ခခံတော်မူရာရက် ၄၀ ပွဲတော်ကာလတစ်လျှောက်သို့ သင့်ကိုပို့ဆောင်ပေးပါသည်။
More
We would like to thank Time of Grace Ministry for providing this plan. For more information, please visit: www.timeofgrace.org