ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက်၄၀ နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ

သင်သည် ထာဝရအသက်ရှင်ခွင့်ရသည်
လူသားတို့၏သဘောသဘာဝအရ အရေးကြီးသောအရာများကို အချောင်ရယူလိုသောဆန္ဒရှိကြသည်မဟုတ်ပါလား။ ကျွန်ုပ်တို့ ကားမောင်းကြစဉ် ရှေ့ကား၏နောက်မီးအနီရောင်ရုတ်တရက်လင်းသောအခါ “အရာဝတ္ထုနှစ်ခု ပွတ်တိုက်ခြင်းနိယာမသည် ယနေ့ဖြစ်မြောက်ပါမလား“ ဟုစဉ်းစားမနေဘဲ ချက်ချင်း ဘရိတ်ကိုသာနင်းကြသည်မဟုတ်ပါလား။ သို့မဟုတ် နံနက်အချိန်တွင် သင်နိုးသောအခါ “ယနေ့ ကမ္ဘာ့ဆွဲငင်အားလျော့ပျောက်လျက် အာကာသဘက်သို့လွင့်သွားမလား“ ဟုစဉ်းစားမနေဘဲ သင်၏ခြေသည် မြေကြီးပေါ်မှာတည်မြဲတည်ကြောင်းသာအောက်မေ့လျက် ကြမ်းခင်းပေါ်လျှောက်သွားမည်မဟုတ်ပါလား။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အသက်ကို တည်ငြိမ်စေသည့်စကြဝဠာစနစ်အပေါ် များစွာဂရုမစိုက်ဘဲနေတတ်ကြသည်။ သို့သော် အကယ်၍ ရှင်ပြန်ထမြောက်ခြင်းမရှိခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ခရစ်တော်သည် မထမြောက်ခဲ့လျှင် အုတ်မြစ်မရှိသောအဆောက်အအုံသည် လေမုန်းတိုင်းလာသောအခါ အက်ကွဲ ပြိုလဲသကဲ့သို့ ခရစ်ယာန်ဘာသာနှင့်ပတ်သက်၍ သင်သိသောအရာအားလုံးသည်လည်း စတင်အက်ကွဲပြိုလဲပါလိမ့်မည်။ ခရစ်တော်သည် မထမြောက်ခဲ့လျှင် ကြောက်စရာအကောင်းဆုံးအဖြစ်မှာ သင်၏အပြစ်သည် ခွင့်လွှတ်ခြင်းမခံရဘဲနေသဖြင့် သင်သည် ထိုအပြစ်များကြောင့် စီရင်ခြင်းခံရမည်ဟူသောအဖြစ်ပင်။ ခရစ်တော်၌သေဆုံးသောသူတို့သည်လည်း ပျက်စီးကြလေပြီ။ ရှင်ပေါလုက “ငါတို့သည် ခရစ်တော်၌ ယခုဘဝအတွက်သာ မျှော်လင့်စရာရှိခဲ့လျှင် လူအပေါင်းတို့ထက် ပို၍သနားစရာကောင်းသောသူဖြစ်ပေလိမ့်မည်“ ဟုဆိုခဲ့သည်။သို့သော် သမ္မာကျမ်းစာက “ခရစ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့တွင် အသီးဦးဖြစ်တော်မူပြီ“ ဟုဆိုထားသည်။ (၁ ကော ၁၅း၂၀) ယေရှုခရစ်တော်သည် ရှင်ပြန်ထမြောက်ခြင်း၏ပထမဦးဆုံးစံနမူနာဖြစ်သည်။ ကိုယ်တော်သည် မိမိသင်္ချိုင်းဂူထဲမှ ဝိညာဉ်ရောကိုယ်ခန္ဒာပါ ထွက်မြောက်လာခဲ့သောကြောင့် သင်နှင့်ကျွန်တော်သည် ထာဝရအသက်ရှင်ခွင့်ရကြသည်။ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် သင်၏အပြစ်ခွင့်လွှတ်ခံရကြောင်းအာမခံပေးသည်။ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် သင့်ကိုအာမခံပေးသည်။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကိုဖော်ပြသော ဒုက္ခခံတော်မူရာရက် ၄၀ ပွဲတော်ကာလတစ်လျှောက်သို့ သင့်ကိုပို့ဆောင်ပေးပါသည်။
More
We would like to thank Time of Grace Ministry for providing this plan. For more information, please visit: www.timeofgrace.org
စပ်ဆိုင်သော အစီအစဉ်များ

ချစ်ခြင်းမေတ္တာ

ယုံကြည်သူများနှင့် ငွေကြေးသုံးစွဲမှု အနုပညာ

ကျေးဇူးတော်သီချင်း

ဖတ်သောအရာကို နားလည်ပါသလား

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဆာလံကျမ်း ၁ - ခရစ်ယာန်အသက်တာအတွက် အခြေခံအုတ်မြစ်

ဗမာစကားပုံများ၏ နှိုးဆော်သံ

အသိနဲ့သတိရဲ့အလွန်

ထာဝရရှင်သန်ခြင်းလမ်း