YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက်၄၀ နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ

In Our Place: Lenten Devotions From Time of Grace

14 ၏ နေ့ 9

အပြစ်မရှိ

ယေရှုခေတ်မှဖာရိရှဲတို့ကို သူတို့၏အမြင်ကျဉ်းသောမိုက်မဲခြင်း၊ သူတို့ကိုယ်သူတို့မှန်သည်ဟုထင်လျက် သူတစ်ပါးကိုအပြစ်တင်တတ်ခြင်းနှင့် မိမိတို့၏ဆိုးရွားသောအပြစ်ကိုမမြင်နိုင်သည့် သူတို့၏မျက်စိကန်းခြင်းတို့အတွက်ကြောင့် အထင်အမြင်သေးရန် မခက်ပါ။ ယေရှု၏အမှုတော်နှင့်ရည်ရွယ်ချက်တို့ကို မကြာခဏတလွဲအဓိပ္ပာယ်ကောက်သည့် ကိုယ်တော်၏တပည့်တော်တို့ကို လေးကန်ထုံထိုင်းသောလူ့အန္ဓဟုကဲ့ရဲ့ရန်လည်း မခက်ပါ။ ယနေ့ ပတ်ပတ်လည်ကြည့်လျက် နေရာတကာတွင်ပြစ်မှုကျူးလွန်သူရှိသည်ကိုတွေ့ရန်လည်း မခက်ပါ။

ပြစ်မှုကျူးလွန်သူကို ကြည့်မှန်ထဲတွင် တွေ့ဖူးသလား။

ရောမစစ်သားတို့က ခရစ်တော်ကိုလက်ဝါးကပ်တိုင်ပေါ်တွင်တင်ခဲ့သည်။ ဂျူးလူမျိုးတို့၏အမြင့်ဆုံးကောင်းစီတို့က ခရစ်တော်ကိုလက်ဝါးကပ်တိုင်ပေါ်တွင်တင်ခဲ့သည်။ ဘုရင်ခံပုန္တိပိလတ်အပါအဝင် ရောမအစိုးရ၏တရားဝင်နည်းစနစ်က ခရစ်တော်ကိုလက်ဝါးကပ်တိုင်ပေါ်တွင်တင်ခဲ့သည်။ ဟေရှာယအပါအဝင် ကျွန်ုပ်တို့သည်လည်း ထိုသို့ပြုခဲ့သည်။ “သူသည် မထီမဲ့မြင်ပြုခြင်းကိုခံရ၍ လူတို့၏ငြင်းပယ်ခြင်းကိုခံရ၏။ ဒုက္ခဝေဒနာခံရသောလူ၊ အနာရောဂါနှင့်ကျွမ်းဝင်သောသူဖြစ်၏။ သူ့ထံမှ သူတစ်ပါးမျက်နှာလွှဲသွားသောသူကဲ့သို့ မထီမဲ့မြင်ပြုခြင်းကိုခံရ၏။ ငါတို့သည်လည်း သူ့ကိုအလေးမထားကြပါ။“ (ဟေ ၅၃:၃)

ယေရှုသည် ကျွန်ုပ်တို့၏လောကသို့ကြွလာပြီး ဖွားမြင်ခြင်း၊ ပြည့်စုံစွာအသက်ရှင်ခြင်း၊ အပြစ်ကင်းစွာအသေခံခြင်းတို့ကိုခံတော်မူသည်မှာ အထက်ဆိုခဲ့သောအပြစ်သားအားလုံးနှင့် ကျွန်ုပ်တို့အတွက်ပင်ဖြစ်သည်။ ကိုယ်တော်သည် မိမိကိုယ်ကိုယ်ယဇ်ပူဇော်ခြင်းဖြင့် ကျွန်ုပ်တို့ကိုသွေးတော်နှင့်ရွေးနုတ်တော်မူသည်။ ခမည်းတော်က ကျွန်ုပ်တို့ကို အပြစ်မရှိ ဟုကြေငြာနိုင်ရန် ကိုယ်တော်သည်အသေခံတော်မူသည်။

ကိုယ်တော်၏ဒဏ်ချက်၊ ကိုယ်တော်၏ဒဏ်ချက်ကြောင့်သာ ကျွန်ုပ်တို့သည် အနာရောဂါ​ပျောက်ကင်း​ခြင်း​ခွင့်​ကိုရရှိ​ကြ​သည်။

ကျမ်းစာများ

နေ့ 8နေ့ 10

ဤအစီအစဉ်အကြောင်း

In Our Place: Lenten Devotions From Time of Grace

ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကိုဖော်ပြသော ဒုက္ခခံတော်မူရာရက် ၄၀ ပွဲတော်ကာလတစ်လျှောက်သို့ သင့်ကိုပို့ဆောင်ပေးပါသည်။

More

We would like to thank Time of Grace Ministry for providing this plan. For more information, please visit: www.timeofgrace.org