ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက်၄၀ နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ
![In Our Place: Lenten Devotions From Time of Grace](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans-staging%2F1381%2F1280x720.jpg&w=3840&q=75)
ကြီးမားသောအမှု
အီဂျစ်ပြည်ရှိ ပိရမိစ်များကို ဖာရောဘုရင်မင်းဆက်တို့၏သင်္ချိင်းဂူအဖြစ်တည်ဆောက်ထားခဲ့သည်။ Djoser မင်း၊ Khufu မင်းနှင့် Khafra မင်းတို့၏အလောင်းတော်များကို မမ်မီပတ်တီးဖြင့်သေချာစွာကျပ်စည်းထားပြီး ၎င်းတို့၌မြှုပ်နှံသင်္ဂြိုဟ်ထားကြသည်။ သို့သော် ယခု ထိုမင်းတို့ကိုသင်္ဂြုဟ်ထားသောလိုဏ်တို့သည်ဗလာဖြစ်နေသည်။ ယေရှုခရစ်တော်သည် အဆိုးဆုံးပြစ်မှုကျူးလွန်သူတစ်ဦးအဖြစ် အသေသတ်ခြင်းခံခဲ့ရပါသည်။ သို့သော် ကိုယ်တော်ကို ကျောက်တွင်ထွင်းထားသောသင်္ချိုင်းဂူအသစ်၌ မင်းညီမင်းသားကဲ့သို့မြှုပ်နှံခဲ့ကြပါသည်။ ကိုယ်တော်၏သင်္ချိုင်းဂူသည်လည်း ဗလာဖြစ်နေသော်လည်း ထိုမင်းတို့နှင့် လုံးဝခြားနားသည့်အကြောင်းကြောင့်ဖြစ်သည်။ ဖာရောဘုရင်မင်းဆက်တို့၏သင်္ချိုင်းဂူကို သူခိုးတို့ကဖောက်ထွင်းခိုးယူရှင်းလင်းခဲ့သည်။ သခင်ယေရှုမှာမူ အသက်ပြန်ရှင်လျက် ကိုယ်တော်တိုင် ထိုဂူထဲမှထွက်လာခဲ့ပါသည်။ခရစ်ယာန်မဟုတ်သောသူတို့သည် ရှင်ပြန်ထမြောက်ရာအကြောင်းကို ယုံကြည်ကြမည်မဟုတ် ဟုသင်ထင်မှတ်ပါလိမ့်မည်။ သို့သော် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကို အလောင်းတော်ကိုယ်၌ကပြန်လည်အသက်ရှင်ထမြောက်လာခြင်းထက် အခြားသောအချက်အလက်များရှိနိုင်သည်ဟူသောထင်မြင်ချက်ကို ပြန့်ပွားစေနေသည့် ခရစ်ယာန်ဆရာများစွာရှိကြောင်းသင်သိလျှင် အံ့ဩပါလိမ့်မည်။ အမှန်စင်စစ် ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် တကယ်ပင် သေဆုံးခဲ့သည်။ သွေးခုန်ခြင်း၊ အသက်ရှူခြင်းနှင့် ဦးနှောက်လှိုင်းသွားလာခြင်းစသည့်တို့လုံးဝမရှိတော့ချေ။ သို့သော် ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် တကယ်ပင် ပြန်ရှင်ခဲ့သည်။ဤအရာသည် ကြီးမားသောအမှုဖြစ်သည်။ ယေရှုခရစ်တော်သည် ကိုယ်ခန္ဓာဖြင့်ရှင်ပြန်ထမြောက်လာခြင်းသည် သားတော်အသက်ရှင်ထင်ရှားသည့်အချိန်တွင်ပြုလုပ်ခဲ့သောအမှုအားလုံးကိုအသိအမှတ်ပြုသည့် ခမည်းတော်ဘုရားသခင်၏သက်သေသာဓကဖြစ်သည်။ ခရစ်တော်သည် ထမြောက်တော်မမူခဲ့လျှင် ငါတို့၏ဟောပြောခြင်းသည် အချည်းနှီးဖြစ်ပြီး သင်တို့၏ယုံကြည်ခြင်းသည်လည်း အချည်းနှီးဖြစ်သည်။ (၁ကော ၁၅း၁၄) ခရစ်တော်၏ကိုယ်ခန္ဓာတော်သည် သေလျက်ရှိသေးသည်ဆိုလျှင် သင်သည် အပြစ်တရားအောက်တွင်ရှိသေးသည်။ သင်၏ပြစ်မှားမှုကိုလည်း ယူဆောင်သွားခြင်းမရှိခဲ့ပါ။ သင်၏ကိုယ်ခန္ဒာသည်လည်း သင်္ချိုင်းဂူထဲမှ မည်သည့်အခါမျှထွက်လာလိမ့်မည်မဟုတ်ပါ။သို့သော် ခရစ်တော်သည် ထမြောက်တော်မူခဲ့သည်။ ကျွန်ုပ်တို့၏မျှော်လင့်ခြင်းများသည်လည်း ထိုနည်းတူဖြစ်ကြသည်။ ယုံကြည်သူတစ်ဦးအဖြစ် ဓမ္မဩဝါဒကိုဝန်ခံသောအခါ “ကိုယ်ခန္ဓာတော်၏ထမြောက်ခြင်းကို ကျွန်ုပ်ယုံကြည်ပါ၏“ ဟုကျွန်ုပ်တို့ဝန်ခံပြောဆိုကြသည်။ သင်သည် ၎င်းကိုယုံကြည်သလား။ ထိုသို့ယုံကြည်သောသူသည် အပြစ်ခွင့်လွှတ်ခြင်းခံရပြီး ထာဝရအသက်ရှင်ခွင့်ရသည်။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
![In Our Place: Lenten Devotions From Time of Grace](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans-staging%2F1381%2F1280x720.jpg&w=3840&q=75)
ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကိုဖော်ပြသော ဒုက္ခခံတော်မူရာရက် ၄၀ ပွဲတော်ကာလတစ်လျှောက်သို့ သင့်ကိုပို့ဆောင်ပေးပါသည်။
More
We would like to thank Time of Grace Ministry for providing this plan. For more information, please visit: www.timeofgrace.org