ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက်၄၀ နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ
![In Our Place: Lenten Devotions From Time of Grace](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans-staging%2F1381%2F1280x720.jpg&w=3840&q=75)
နှိမ့်ချသောကြီးမားမှု
ကလေးသူငယ်များသည် ယေရှုနှင့်ပတ်သက်၍ ပထမဦးဆုံးနှစ်သက်ကြသည့်အကြောင်းမှာ ကိုယ်တော်၏တန်ခိုးတော်အကြောင်းများဖြစ်မည်ထင်ပါသည်။ သူတို့အနေဖြင့် “ကိုယ်တော်သည် အလွန်အံ့ဩဖွယ်ကောင်းသောအရာကိုပြုလုပ်နိုင်လေစွ။ လေမုန်းတိုင်း၏သခင်၊ အနာရောဂါကိုပိုင်နိုင်သူ၊ နတ်ဆိုးတို့ကိုအောင်နိုင်သူ၊ သေသောသူကိုထမြောက်စေနိုင်သူ--ကိုယ်တော်မတတ်နိုင်သောအရာတစ်စုံတစ်ခုမျှမရှိပါ။ ကိုယ်တော်သည် အမှန်ပင် စူပါမန်း၊ ဘက်မန်း တို့ထက် အပြတ်သားနားသောလူစွမ်းကောင်းဖြစ်သည်“ ဟုထင်နေပါလိမ့်မည်။
သို့သော် သင်တို့အသက်အရွယ်ရောက်လာသည့်အခါ ယေရှု၏နှိမ့်ချသောလုပ်ဆောင်မှုအတွက် ကိုယ်တော်ကို ပို၍နှစ်သက်ကြသည်။ ကျမ်းစာ၌ရေးထားသောအကြောင်းအရာထဲမှ အစွမ်းထက်ဆုံးသောအကြောင်းသည် မာန်ဒီ ကြာသပတေးညနေတွင်ဖြစ်သောအကြောင်းအရာဖြစ်သည်။ လက်ဝါးကပ်တိုင်ပေါ်တင်သတ်ခြင်းမခံမီ နာရီအနည်းငယ်ပိုင်းတွင် ယေရှုသည် အစေခံသောခေါင်းဆောင်ဖြစ်ရမည့်ပုံကို မိမိတပည့်တော်တို့အား မမေ့နိုင်သောသင်ခန်းစာဖြင့်ပြသခဲ့သည်။
ကိုယ်တော်သည် ရေထည့်ထားသောဇလုံနှင့် ပဝါကိုယူပြီးလျှင် သူတို့တစ်ဦးစီတို့ရှေ့တွင်ဒူးထောက်လျက် သူတို့ခြေကိုဆေးခဲ့သည်။ ကိုယ်တော်က “သင်တို့၌ ငါပြုခဲ့သောအရာကို နားလည်ကြသလော။ . . . သခင်ဘုရားဖြစ်လျက် ဆရာလည်းဖြစ်သောငါသည် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည်လည်း အချင်းချင်းတို့၏ခြေကိုဆေးရကြမည်“ ဟုမိန့်တော်မူခဲ့သည်။ (ယော ၁၃:၁၂၊ ၁၄)
ယေရှုသည် အစေခံခြင်းနှင့်ဝေဒနာခံခြင်းတို့ဖြင့် ကျွန်ုပ်တို့ကိုရွေးနုတ်ခဲ့သည်။ ကိုယ်တော်၏နှိမ့်ချသောလုပ်ဆောင်မှုသည် ကျွန်ုပ်တို့၏နေ့စဉ်ကိုယ်နေဟန်ထားကို ပြုပြင်လှုံ့ဆော်ပေးသည်။ သင့်ပတ်ဝန်းကျင်မှာရှိသောသူတို့က သင်သည် တစ်ခါတရံ ခေါင်းမာသည်၊ မာနကြီးသည်၊ အထက်စီးဆန်သည်ဟူ၍ သင့်အားပြောဖူးပါသလား။ သင်သည် သင်၏သက်သာမှု၊ လိုလားမှုနှင့် ပျော်ရွှင်မှုတို့ကိုအသားပေးသည့်အရာဘက်သို့ အလိုအလျောက်ယိုင်းလျက်ဦးတည်သွားတတ်ပါသလား။
သင့်အိမ်ထဲတွင် မည်သို့သော ခြေဆေးခြင်းနှိမ့်ချမှုပုံကိုတွေ့ရှိနိုင်သနည်း။ နမူနာ ၃ ခု ကို ရေးသားသတ်မှတ်ပြီး ယနေ့ပင်ထိုအရာကိုလုပ်ပါ။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
![In Our Place: Lenten Devotions From Time of Grace](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans-staging%2F1381%2F1280x720.jpg&w=3840&q=75)
ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကိုဖော်ပြသော ဒုက္ခခံတော်မူရာရက် ၄၀ ပွဲတော်ကာလတစ်လျှောက်သို့ သင့်ကိုပို့ဆောင်ပေးပါသည်။
More
We would like to thank Time of Grace Ministry for providing this plan. For more information, please visit: www.timeofgrace.org